Friday, November 28, 2014

နှင်းခူနာဆိုတာ သေချာပြီလား


ဒေါက်တာရှငိ့
ကျွန်မကတော့ကျောင်းသူတစ်ဦးပါ ဓာတ်မတည့်တဲ့ရောဂါခံစားရတာသုံးနှစ်လောက်ရှိပါပြီရှင့် အရေပြားဆရာဝန်နဲ့လည်းပြခဲ့ပါတယ်ရှင့် သို့သော်လည်းပြောက်လိုက်ပြန်ဖြစ်လိုက်ဖြစ်နေပါတယ်
ဆရာဝန်ကနှင်းခူလို့ပြောပါတယ်
ကြောင်မွေးဖူးတော့အဲ့ကကူးတာပါတဲ့
ခုတော့ကြောင်လည်းမရှိပါဘူးဆရာ ရောဂါကတော့မပြောက်သေးပါဘူးရှင့်
အုန်းဆီလိမ်းပီးမခြောက်သွေ့အောင်ထားပါတယ်ရှင့်
ချိုင်းလည်ပင်းတံတောင်စစ်စတဲ့နေရာတွေမှာလည်းတခါတခါပေါက်တတ်ပါတယ်ရှင့် အမြဲတမ်းမယားပေမဲ့ယားရင်လည်းမနေနိုင်ပါဘူးရှင့်
မကြာသေးခင်ကပဲသူများသုံးထားတဲ့မျက်နှာလိမ်းခရင်လိမ်းလိုက်တာ အဖုနီနီတွေပေါက်လာပါတယ်ဆရာ
ကူညီပေးပါရန်လေးစွာစွာဖြင့်


ကျောင်းသူဆိုတဲ့ ညီမလေးရေ၊ အရေပြားရောဂါသွားပြရင် ဆရာဝန်က နာမည်တွေ အမျိုးမျိုးတပ်ပါလိမ့်မယ်။ ဖြစ်တာကြာပြီဖြစ်လို့ မမြင်ရပေမယ့် နှင်းခူလို့ အမည်တပ်တာ လက်ခံပါတယ်။ ဒါပေမယ့် ကြောင်ကနေကူးတယ်ဆိုရင်လည်း ကြောင်မရှိရင်၊မကိုင်ရင် သက်သာရမှာပါ။ ကိုင်တွယ်လို့ဖြစ်တာကို dermatitis အရေပြားရောင်ရမ်းခြင်း အမျိုးအစားမှာထည့်ရတယ်။chronic dermatitis ကြာလာရင်တော့ နှင်းခူနာလို့ ခေါ်ရတယ်။ နှင်းခူဖြစ်စေတဲ့ အကြောင်းအရာတွေ များတယ်။ ရောဂါအခံရှိလို့၊ဓာတ်မတဲ့တာ၊ခုခံအားချင်းတိုက်ခိုက်တဲ့ရောဂါ အမျိုးမျိုး ရှိဦးမယ်။ နောက်ပြီး ဓာတုပစ္စည်းမတဲ့တဲ့ chemical dermititis ဆိုတာလည်း ရှိတယ်။ အရေပြားရောဂါ ယားယံရင် ပွေးကိုလညိး ထည့်စဉ်းစားသင့်တယ်။ ဒါကဖြစ်နိုင်ချေကို ပြောတာပါ။ တချို့က နှစ်ချီပြီး ကြာတယ်။ ဆေးတွေကတော့ အမျိုးမျိုးရှိတယ်။ အရေပြားရောဂါတွေက မြင်ပြီးရောဂါနာမည်တပ်မှ မှန်ပါမယ်။ ဆေးပေးရင်လည်း အလားတူပါပဲ။ အလွယ်ဆုံးနည်းက fexofenadine 120mg တနေ့တကြိမ်သောက်ပါ။ မေးခွန်းတွေ အရမ်းများနေလို့ ဒီလောက်ပဲ အကြံပေးနိုင်မှာကို ခွင့်လွှတ်ပေးစေချင်ပါတယ်။ 

ဒေါက်တာ အေးမင်းထူး
၁၈.၁၁.၁၄

No comments:

Post a Comment