Wednesday, November 26, 2014

သားအိမ်ထုတ်ပြီးတဲ့အခါ

ဆရာ
ကျမက အသက် (၄၀)လောက်က သားအိမ်
ထုတ်ထားပါတယ်၊အပျို ကြီးပါ၊အခုက (၄၄)နှစ်ပါ၊အခုကျမ
ညာဘက်ခြေဖနောင့်ကနာနေပါတယ်ဆရာ သားအိမ်ထုတ်ထားတာနဲ့ဆိုင်လား
ဆရာ နောက်ပြီးအဲ့ဒီလိုလူတွေဟာ ဘယ်လိုအစားအသောက်တွေ ဘာဆေး
တွေသောက်ရမလဲ ကျမကသာမာန်
ရုံးဝန်ထမ်းပါ၊ကျေးဇူးတင်ပါတယ်။



ပုံမှန်အားဖြင့်တော့ မဆိုင်ပါဘူး။ ဒါပေမယ့် သားအိမ်နဲ့အတူ သားဥအိမ်လိုမျိုး ပါသွားရင် ဟော်မုန်းထုတ်လုပ်မှုမှာ ပြဿနာရှိနိုင်တယ်။ သွေးဆုံးတဲ့အခါ ခံစားရသလို လက္ခဏာတွေ ခံစားရမယ်။ ကျွန်တော့်အမြင်အရ အဖြစ်နိုင်ဆုံးက အရိုးအတက်ထွက်တာပါ။ ဒီအရွယ်မှာ ဒီလိုမျိုးဖြစ်တတ်တယ်။ ဓာတ်မှန်ရိုက်ကြည့်ပါ။ အလွယ်ဆုံးနည်းက ရေနွေးကို ပုလင်းထဲထည့်ပြီး ခြေဖဝါးကို လှိမ့်ပါ။ အစားအသောက်အနေနဲ့ အသီးအရွက်များများစားပါ။ နီတဲ့အသား လျှော့စားပါ။ပင်လယ်စာ၊မှို၊မျှစ် မစားသင့်ဘူး။ရေများများသောက်ပါ။ တတ်နိုင်သမျှ ရေမကိုင်ပါနဲ့။  အားဆေးထဲမှာ အာရုံကြောဆေး၊သံဓာတ်အားဆေး သောက်သင့်ပါတယ်။ 

ဒေါက်တာ အေးမင်းထူး
၁၃.၁၁.၁၄

No comments:

Post a Comment